မာတိကာသို့ ခုန်သွားရန်

အမှောင်စွမ်းအင်

ဝီကီပီးဒီးယား မှ
(လောကနှံ့စွမ်းအင် မှ ပြန်ညွှန်းထားသည်)
စကြဝဠာနှံ့ စွမ်းအင်ကြောင့် စကြဝဠာကြီး ပြန့်ကားမှုသဘောကို အကြမ်းဖျင်းသရုပ်ပြပုံ

အမှောင်စွမ်းအင်(အင်္ဂလိပ်: Dark Energy) သို့မဟုတ် နတ္ထိစွမ်းအင် သို့မဟုတ် စကြဝဠာနှံ့ စွမ်းအင်သည် အာကာသ၏ လောကကျယ်ဝန်းမှု အစိတ်အပိုင်းတိုင်းတွင်း ပျံ့နှံ့တည်ရှိနေသည့်ဖွယ် လောကလုံးဆိုင်ရာ (cosmological) နှိုင်းရရူဗေဒ (relativistic physics)၌ တွေ့ရသော စွမ်းအင်တမျိုးဖြစ်သည်။[၁] အထွေထွေနှိုင်းရသီအိုရီ တွက်နည်းများအားဖြင့် ၎င်းသည် ချိုင့်ဖြန့်မှုဖိအား (negarive pressure) ကို ဖြစ်ပေါ်စေသော စွမ်းအင်ဖြစ်လေရာ ယခုလက်ရှိ အလျင်မြှင့်ပြန့်ကားနေသည်ဟု စကြဝဠာကြီး ပြန့်ကားမှု အကြောင်းအရင်းသဖွယ်[၂][၃] ဖြစ်လေသည်။

ကျွန်ုပ်တို့၏ နေ့စဉ်သဘာဝနှင့် ပတ်သက်သမျှသော အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင်သမားရိုးကျ ဒြပ်သားတို့၏ တည်အောင်းစွမ်းအင်အရွေ့စွမ်းအင် စသည်တို့မှာ လောကနှံ့စွမ်းအင်များ အတွင်း၌ အကျုံးမဝင်ပေ။ လောကနှံ့စွမ်းအင် (dark energy)သည် အာကာသ နေရာလွတ်အနှံ့၌ ပကတိရှိနေသော သဘောသတ္တိ ဖြစ်၍ သင်္ချာအားဖြင့် လောကလုံးဆိုင်ရာ ကိန်းသေနှင့် သက်ဆိုင်သည်။

ဆက်စပ် ကြည့်ရှုဖွယ်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]

  1. A First Course in General Relativity by Bernard F.Schutz
  2. Overbye၊ Dennis။ "Cosmos Controversy: The Universe Is Expanding, but How Fast?"၊ The New York Times၊ 20 February 2017။ 
  3. "The cosmological constant and dark energy" (2003). Reviews of Modern Physics 75 (2): 559–606. doi:10.1103/RevModPhys.75.559. Bibcode2003RvMP...75..559P.