မာတိကာသို့ ခုန်သွားရန်

တစ်ရှူး

ဝီကီပီးဒီးယား မှ
sclerenchyma ဖိုင်ဖာများဟုခေါ်သည် ဖြတ်ပိုင်းထားသည့် အပင်အောက်ပိုင်းတစ်ရှူးတစ်ခု

ဆဲလ်အများဖွဲ့ သက်ရှိတို့ရှိ (ကိုယ်ဖွဲ့)ဆဲလ်စု သို့မဟုတ် တစ်ရှုး (အင်္ဂလိပ်: tissue) ဟူသည်မှာ - အတူတူ ထိစပ်စုဝေးလျက် သက်ရှိတွင်းလုပ်ငန်းတစ်ခုစီကို စုပေါင်းလုပ်ဆောင်နေကြသည့် ဆဲလ်များ (တသားတည်းအဖြစ်) အစုအဝေး ဖြစ်၏။ ဤသက်ရှိတို့၏ အင်္ဂါ(အစိတ်အပိုင်း) တို့မှာ ဤ ဆဲလ်စု (တစ်ရှူး) များ၏ စုဝေးဖြစ်ပေါ်မှု ရလဒ် ဖြစ်၏။

ယင်းတို့၏ ဖွဲ့စည်းတည်‌ဆောက်ပုံနှင့် မူလဖြစ်‌ပေါ်လာပုံတို့မှာ တူညီကြသည်။ တစ်ရှူးကို မြန်မာလို အသားမျှင်ဟူ၍လည်း အနက်‌ပေးကြသည်။ သို့သော် ထို ဘာသာပြန်စာလုံးဟောင်းကြောင့် ကြွက်သားကိုချည်း တစ်ရှူးခေါ်သည်ဟု အထင်မလွဲရန် သတိပြုအပ်သည်။ အမှန်မှာ ဆဲလ်အများဖွဲ့သက်ရှိတို့၏ တသားတည်းရှိသမျှ ဆဲလ်အစုအဝေးတခုခုက ဇီဝကမ္မလုပ်ဆောင်ချက်အရလည်း စုပေါင်းလုပ်ဆောင်နေသရွေ့ ၎င်းက တစ်ရှူး မည်၏။

တစ်ရှူး အမျိုးကွဲများ[ပြင်ဆင်ရန်]

တစ်ရှူးကို ‌၄မျိုး ပိုင်းခြားထားသည်။

ပထမအမျိုးမှာ အက်ပီသီလျမ် တစ်ရှူး ‌ခေါ် အဖုံးတစ်ရှူးဖြစ်သည်။ အဖုံးတစ်ရှူးကား ခန္ဓာကိုယ် အ‌ဆောက်အအုံကို ဖုံးကာထား‌သော တစ်ရှူးဖြစ်သည်။ ပုံစံပြရလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ အ‌ရေပြားသည် အဖုံးတစ်ရှူးဖြင့်ပြီးသည်။ ဒုတိယအမျိုးမှာ ခန္ဓာကိုယ်၏ ကြွက်သားအဖွဲ့တွင် ပါဝင်‌သော ရှုံ့နိုင်တစ်ရှူး ဖြစ်သည်။ အမည်နှင့်လိုက်‌အောင် ထိုတစ်ရှူး၌ပါဝင်‌သော ဆဲတို့သည် ရှုံ့နိုင်ပွနိုင်ကြသည်။ ရှုံ့နိုင်တစ်ရှူး‌ကြောင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အသီးသီးတို့ လှုပ်ရှားနိုင်ကြသည်။ တတိယအမျိုးမှာ ဆက်တစ်ရှူးဖြစ်သည်။ ဆက်တစ်ရှူး၏ သ‌ဘောမှာ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတို့ကို ဆက်စပ်‌ပေး၍ အ‌ထောက်အပံ့ပြု သော တစ်ရှူးများဖြစ်သည်။ အမျှင်၊ ရုန်းကန်မျှင်၊ အရိုးနု၊ ရုန်းကန်ရိုးနု၊ အဆီစသည်တို့သည် ဆက်တစ်ရှူးများ ဖြစ်ကြသည်။ စတုတ္ထအမျိုးအစားမှာ နာဗ်‌ကြောအဖွဲ့တွင်ပါဝင်‌သော ဆဲလ်အစုအ‌ဝေးတို့ ဖြစ်‌လေရာ ယင်းကို နာဗ်‌ကြောတစ်ရှူးဟု ‌ခေါ်‌လေသည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅