ဓာတ်တော်ချိုင့် ရေတံခွန်
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/0/0c/Datt_Taw_Gaint_Pagoda_%26_Waterfall%2C_Pyin_Oo_Lwin.jpg/220px-Datt_Taw_Gaint_Pagoda_%26_Waterfall%2C_Pyin_Oo_Lwin.jpg)
![ဓာတ်တော်ချိုင့် ရေတံခွန် (အနီးစခန်း)](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/0/0d/Dut-Taw-Gyint_Waterfall_02_%28Ah-Nie-Sakhan%29.jpg/220px-Dut-Taw-Gyint_Waterfall_02_%28Ah-Nie-Sakhan%29.jpg)
ဓာတ်တော်ချိုင့် ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းတွင် တည်ရှိပြီး ပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင် တည်ရှိသည်။ ဓာတ်တော်ချိုင့် ရေတံခွန်သည် အမြင့်ပေ ၁၂၂ မီတာရှိပြီး အနက်မှာ ၉၁ မီတာ ရှိသည်။ ဓာတ်တော်ချိုင့် ရေတံခွန်သည် အဆင့်သုံးဆင့်ရှိပြီး အောက်ခြေမှ ရေတံခွန်ထိပ်ထိ လမ်းလျှောက်ချိန် မိနစ်ကိုးဆယ်ခန့် ကြာမြင့်သည်။
၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဓာတ်တော်ချိုင့် ရေတံခွန် ဒုတိယ အဆင့်မှစတင်ကာ ရေမကျတော့သဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ အချို့အပါအဝင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ အကျယ် ၂ ပေခန့်ရှိ ရေယိုပေါက်မှတဆင့် မြေအောက်ကလိုင်ထဲသို့ ရေစီးဝင်သွားသောကြောင့် ရေမကျတော့ဘဲ တစ်ရက်ခန့်ကြာမြင့်ခဲ့ပြီး ရေယိုပေါက်ကို ပိတ်ဆို့ပြီးနောက် ဩဂုတ် ၁၂ ရက်နေ့တွင် ပြန်လည်ရေကျလာခဲ့သည်။[၁][၂][၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြတ်ပြည့်ဖြိုး (၁၃ ဩဂုတ် ၂၀၁၉)။ ဓာတ်တော်ချိုင့်ရေတံခွန် ကြမ်းပြင်ပေါက်မှု ပညာရှင်များနှင့် စစ်ဆေးမည်။ ဧရာဝတီသတင်းဌာန။ ၃၁ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ထိန်ထိန်လင်း (၁၃ ဩဂုတ် ၂၀၁၉)။ ဓာတ်တော်ချိုင့်ရေတံခွန် ရေပြန်လည် စီးဆင်း။ ဒီဗွီဘီ။ ၃၁ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ အောင်သန့်ခိုင် (၁၂ ဩဂုတ် ၂၀၁၉)။ ဓာတ်တော်ချိုင့်ရေတံခွန်မှ ရေများမူလအတိုင်း ပြန်စီးလာ၊ ရေယိုပေါက်ကို စနစ်တကျ ပိတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်။ မြန်မာတိုင်း(မ်)။ 31 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/4/4a/Commons-logo.svg/30px-Commons-logo.svg.png)