ဖူးခက်
ဖူးခက် ภูเก็ต | ||
---|---|---|
City Municipality | ||
ဖူးခက် မြို့တော် เทศบาลนครภูเก็ต | ||
![]() ဖူးခက် | ||
| ||
ထိုင်းနိုင်ငံမှ နေရာ | ||
ကိုဩဒိနိတ်: 7°53′17″N 98°23′51″E / 7.88806°N 98.39750°E | ||
Country | ထိုင်းနိုင်ငံ | |
Province | ဖူးခက်ပြည်နယ် | |
District | မြွံဖူးခက်ခရိုင် | |
အစိုးရ | ||
• အမျိုးအစား | မြို့တော်စည်ပင် | |
• မြို့တော်ဝန် | Somjai Suwansupana | |
ဧရိယာ | ||
• City Municipality | ၁၂ စတုရန်းကီလိုမီတာ (၅ စတုရန်းမိုင်) | |
• မြို့ပြကြီး | ၂၂၄ စတုရန်းကီလိုမီတာ (၈၆ စတုရန်းမိုင်) | |
လူဦးရေ (2007) | ||
• City Municipality | ၇၅,၅၇၃ | |
• သိပ်သည်းမှု | ၆၃၀၀/km၂ (၁၆၀၀၀/sq mi) | |
• မြို့ပြကြီး | ၂၃၀,၀၀၀ | |
အချိန်ဇုန် | ICT (UTC+7) | |
Area code | (+66) 12 | |
Geocode | 8399 | |
ဝက်ဘ်ဆိုဒ် | phuketcity.go.th |
ဖူးခက် ( /puːˈkɛt/ poo-KET ; ထိုင်း: ภูเก็ต အသံထွက် [pʰūː.kèt]) သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်း၏ အရှေ့တောင်ဘက်ရှိ မြို့ဖြစ်သည်။ ဖူးခက်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ၂၀၀၇ ခု စာရင်းအရ အမြဲတမ်းနေထိုင်သူ ၇၅၅၇၃ ယောက် ရှိတယ်။ ခရိုင်ခွဲများမှာ တလက်ရိုင် (ထိုင်း: ตลาดใหญ่)၊ တလက်မွေ (ထိုင်း: ตลาดเหนือ)၊ မြွံဖူးခက် (Mueang Phuket) တို့ ဖြစ်သည်။
နောက်ခံသမိုင်း[ပြင်ဆင်ရန်]
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/d/dd/Phuket_Square%2C_Phuket%2C_Thailand.jpg/220px-Phuket_Square%2C_Phuket%2C_Thailand.jpg)
ဖူးခက်သည် ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး မြို့တမြို့ ဖြစ်သည်။ [ကိုးကားချက်လိုသည်] မလေးကျွန်းဆွယ်မှ ရွှေ့ပြောင်းတရုတ်တို့ ဦးစွာခြေချသော အရေးပါသည့် ဆိပ်ကမ်းဖြစ်ခဲ့သည်။ ၂၀၀၄ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မြို့အဆင့် (ထိုင်း: เทศบาลนคร) သို့ မြှင့်သည်။
ဖူးခက်ရှိ အဆောက်အအုံဟောင်းများက ယခင် မြို့ပြအဆင့်အတန်းကို ပြသည်။ ကျွန်းပေါ်၌ သွပ်တူးခြင်းကို အဓိကလုပ်ကိုင်စဉ်က တည်ခဲ့သော အဆောက်အဦများ ဖြစ်သည်။ စိနို-ပေါ်တူဂီခေါ်သော ဗိသုကာပုံစံသည် တရုတ်ခေတ်သစ်နှင့် ဥရောပဟန်ပန် ရေသော ပုံစံမျိုး ဖြစ်သည်။ ထိုဗိသုကာပုံစံသုံး အဆောက်အဦမှာ ကျဉ်းသော ရှေ့မျက်နှာစာကို ကာမိရန် ခပ်ရှည်ရှည်ဆောက်ထားသော တထပ် (သို့) နှစ်ထပ်တိုက်များ ဖြစ်သည်။ တံခါးများ၊ ဖောက်ထားသည့် ပြတင်းပေါက်များနှင့် အခြားအသေးစိတ်အချက်အလက်များအား တရုတ်နှင့် ဥရောပဟန်များ လွှမ်းသည်။ ဖူးခက်မြို့ဟောင်းသည် ၂.၇ ကီလိုမီတာပတ်လည် (ရိုင် ၂၁၀) ရှိသည်။ ကလန်း၊ ဖန်င၊ ရာဇိန္ဒ၊ ဒေးဘောက်၊ ကရဘီ၊ သက္ကဆတြီ၊ ဖူးခက်၊ ယောဝရပ်၊ စတွန်၊ ဆွိုင်ရမ္မနီ လမ်း ၁၀ လမ်းတို့ ရှိသော အဝန်းအဝိုင်းတွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် ပြည့်နှက်နေသည်။ ၂၀၁၉ ခုတွင် အနုပညာဦးစီးဌာန နှင့် ဖူးခက်ပြည်နယ် အာဏာပိုင်တို့က ဖူးခက်မြို့အား ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်သတ်မှတ်ရန် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ အဆိုပြုချက် တင်ရန် ပြင်နေသည်။
ယဉ်ကျေးမှု[ပြင်ဆင်ရန်]
အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်သည်။ မြို့တွင်းရှိ ဘုရားစေတီများသည်လည်း ပြည်တွင်းနှင့် ပြည်ပမှာ ခရီးသွားတို့အတွက် စိတ်ဝင်စားဖွယ် လည်စရာ ဖြစ်သည်။ လမ်းဘေးဝဲယာတွင် ဂန္နယာနှင့် ဗြဟ္မာတို့၏ ရုပ်တုများကို သရုပ်ဖော်ထားသော ဟိန္ဒူဘုရားကျောင်းများကိုလည်း တွေ့နိုင်သည်။
သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]
- ဖူးခက်နိုင်ငံတကာလေဆိပ်
- အခြားမြို့ကြီးများနှင့်ပြည်နယ်များသို့သွားသောလမ်းများ။
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/3/37/Thailand-Aerial-view-of-Phuket-International-Airport-Apr-2003-01.jpg/220px-Thailand-Aerial-view-of-Phuket-International-Airport-Apr-2003-01.jpg)
ညီအစ်မမြို့ကြီးများ[ပြင်ဆင်ရန်]
ဓာတ်ပုံများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
ပြင်ပလင့်များ[ပြင်ဆင်ရန်]
Wikivoyage ရှိ Phuket Town သို့ ခရီးသွားလမ်းညွှန်များ
- ဖူးခက်၏သမိုင်းဝင် Peranakan အသိုင်းအဝိုင်း Forbes၊ Andrew နှင့် Henley၊
- ဖူးခက်စီးတီး၏တရားဝင်ဝက်ဘ်ဆိုက် (ထိုင်း)