မောက်လူ
ပုံပန်းသွင်ပြင်
![](http://chped.net/https/upload.wikimedia.org/wikipedia/commons/thumb/2/28/Burmese_ambassadors_at_Calcutta_in_1882.jpg/300px-Burmese_ambassadors_at_Calcutta_in_1882.jpg)
မောက်ရှည် သို့မဟုတ် မောက်လူ အင်းဝခေတ်မှသည် ကုန်းဘောင်ခေတ်အထိ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာတပ်မှူးတို့၏ စစ်သုံးဦးဆောင်းဖြစ်သည်။ ထို့အတူ မွန်၊ ရှမ်း၊ ယိုးဒယားတို့လည်း အသုံးပြသည်ကို တွေ့ရသည်။ ပုဂံခေတ်တွင် မောက်ရှည်ဆောင်းသည်ကို မတွေ့ရချေ။ အင်းဝခေတ်မှ စတင်အသုံးပြုသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ မောက်ရှည်သည်အခြား တရုတ်၊ ရောမ၊ ဂရိတို့၏ သံခမောက်များနှင့် ပုံစံမတူပါ။ အနားပတ်လည် ပါရှိသည်။ တပ်သားအဆင့်မှသည် ဗိုလ်အဆင့်အထိ မောက်တိုဆောင်းရသည်။ တပ်မှူးများအဆင့်တွင် မောက်ရှည် သို့မဟုတ် မောက်လူဟု ခေါ်သော အလှဆင်ထားသည့် ဦးဆောင်းကို အသုံးပြုသည်။
![]() | ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |