မာတိကာသို့ ခုန်သွားရန်

လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း

ဝီကီပီးဒီးယား မှ
(လျှပ်စစ်သံလိုက်လှိုင်း မှ ပြန်ညွှန်းထားသည်)
ကြားခံဒြပ်သား မလိုဘဲ စွမ်းအင်သီးသန့် (pure energy) ၏ ပျံ့နှံ့မှု ဖြစ်သော ထောင်လိုက်ခါ လျှပ်စစ်သံလိုက်လှိုင်း (လျှပ်စစ်သံလိုက်စက်ကွင်းတို့၏ ဂယက်ထမှု ပျံ့နှံ့ဆက်) သဘောသရုပ်ဖော်ပုံ။ အနီမြားတို့မှာ လျှပ်စစ်စက်ကွင်းတပိုင်းချင်းပြ ဗှတ္တာများ၊ အပြာမြားတို့မှာ သံလိုက်စက်ကွင်းတပိုင်းချင်းပြ ဗှတ္တာများ ဖြစ်ကာ၊ ၂မျိုး အပြန်အလှန် ထောင့်မှန်ကျလျက် ရှိ။ ဤပုံသာဓက၌မူ ယိမ်းလွှဲ(oscillation)လမ်းကြောင်း ငြိမ်စိမ်စွာသာ ရိုးရိုးစင်းစင်းပြထားခြင်း။

လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း (အင်္ဂလိပ်: electromagnetic radiation) သို့မဟုတ် လျှပ်စစ်သံလိုက်ရောင်ခြည် (ခေါ်) လျှပ်စစ်သံလိုက်လှိုင်း (အင်္ဂလိပ်: electromagnetic wave) ဆိုသည်မှာ စွမ်းအင်သယ်ဆောင်နေသော လျှပ်စစ်သံလိုက်လှိုင်းတို့၏ ဂယက်ထမှု အပြန်အလှန်သက်ရောက်ဆင့်ကဲ၍ ရွေ့လျားနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်မူ လျှပ်စစ်သံလိုက်ဆိုင်ရာဖြစ်စဉ်တစ်မျိုးတွင် ထုတ်လွှတ်သည့် ဖြာထွက်စွမ်းအင် ဖြစ်သည်။ မြင်ရသော အလင်းသည် လျှပ်စစ်သံလိုက်ရောင်ခြည် တစ်မျိုးပင် ဖြစ်သည်။ အခြား လူသိများသည့် အခြားအမျိုးအစား ဥပမာများမှာ ရေဒီယိုလှိုင်းအနီအောက်ရောင်ခြည်နှင့် အိတ်စ်ရေးရောင်ခြည်တို့ ဖြစ်ကြသည်။ ရှေးရိုးသတ်မှတ်ချက်အရဆိုလျှင် လျှပ်စစ်သံလိုက်ရောင်ခြည်တွင် ထပ်တူညီစွာ တုန်ခါမှုပြုနေပြီး အလင်းအလျင်ဖြင့် ရွေ့လျားနေသော လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့ ပါဝင်သည်။

ရှေးရိုးရူပဗေဒအရ လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းတွင် လျှပ်စစ်သံလိုက်လှိုင်းများ ပါရှိကြသည်။ ၎င်း လှိုင်းများတွင် ပြိုင်တူညီစွာဖြင့် ယိမ်းခါနေသည့် လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်း တို့ပါရှိပြီး လေဟာနယ်တွင် အလင်းအလျင်ဖြင့် ရွေ့လျားကြသည်။ စက်ကွင်းနှစ်ခု၏ ယိမ်းခါမှုသည် တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျပြီး လှိုင်းရွေ့လျားသည့် လားရာဖြင့်လည်း ထောင့်မှန်ကျသည်။ ထို့ကြောင့် ၎င်းတို့သည် ထောင်လိုက်ခါယမ်းသော လှိုင်း (transverse wave) များ ဖြစ်ကြသည်။ လျှပ်စစ်သံလိုက်လှိုင်းများအား ၎င်းတို့၏ ကြိမ်နှုန်း သို့မဟုတ် လှိုင်းအလျားအရ အမျိုးအစားခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရေဒီယိုလှိုင်းမိုက်ခရိုဝေ့ဗ်အနီအောက်ရောင်ခြည်လူ့မျက်စေ့နှင့် ခံစားသိသော အလင်းခရမ်းလွန် ရောင်ခြည် (ultraviolet rays)အက်ခ်စ်-ရေး (X-ray)နှင့် ဂမ္မာ-ရေး (ဂမ္မာ ရောင်ခြည်) တို့ဖြစ်ကြသည်။

ဖြစ်ပေါ်ပုံ[ပြင်ဆင်ရန်]

လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့မှာ ဆက်နွယ်မှု ရှိကြောင်း လျှပ်စစ်သံလိုက်ဓာတ်ကို လေ့လာခြင်းဖြင့် သိနိုင်သည်။ အတိုးအလျော့ အပြောင်းအလဲ ရှိနေသော ၎င်းတို့ တစ်မျိုးတစ်စားက ကျန်တစ်မျိုးတစ်စားကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လျှပ်ဓာတ်ဆောင် အမှုန်တစ်ခုက ကိန်းသေအလျင်နှင့် မသွားဘဲ အလျင်ပြောင်းနှုန်း (acceleration) ဖြစ်သွားလျှင် လျှပ်စစ်စက်ကွင်းအတွင်း ဂယက်ထမှုက သံလိုက်စက်ကွင်းအတွင်း ဂယက်ထမှုနှင့် အပြန်အလှန် သက်ရောက်ချက် ကမ်းဆင့်ကာ ဂယက်ထမှု ပျံ့နှံ့သွားသည်။ ၎င်းနှင့်အတူ စွမ်းအင်လည်း သယ်ဆောင်သွားသည်။ ဤသည်မှာ လျှပ်စစ်သံလိုက်လှိုင်း ဖြစ်ပေါ်မှု ဖြစ်သည်။

ဥပမာအဖြစ် လျှပ်မဓာတ်ဆောင်သော အမှုန်တစ်ခုက ကိန်းသေအလျင်ဖြင့် ရွေ့နေရာမှ ရုတ်ချည်းရပ်လိုက်မှုကြောင့် အလျင်ပြောင်းနှုန်း (acceleration) ဖြစ်ပေါ်ကာ လျှပ်စစ်စက်ကွင်း ဂယက်ထမှုက လျှပ်စစ်သံလိုက်လှိုင်းအဖြစ် ပျံ့နှံ့သွားပုံ

စမွှားထင်းမှု သဘောတရား၌[ပြင်ဆင်ရန်]

လျှပ်စစ်သံလိုက်အကြောင်း စမွှား(ကွမ်တမ်)သီအိုရီ အရ၊ လျှပ်စစ်သံလိုက်လှိုင်းများသည် ဖှိုတွန် (photon) ဟူသော စမွှားလေးများ ဖြစ်သည်။ သို့သော် အဆိုပါ ဖှိုတွန်တို့က လှိုင်းသဖွယ် ကွေးယိမ်းသွားခြင်းဟု အမှတ်မမှားသင့်ပါ။ လှိုင်းသဏ္ဌာန် ဖြစ်ပေါ်နေသည်မှာ လျှပ်စစ်သံလိုက်စက်ကွင်းတို့၏ ပြင်းအားများ ပုံထွက်ဖြစ်သည်။ ၎င်းတို့က စွမ်းအင် သယ်ဆောင်သွားပြီး ထိုစွမ်းအင်နှင့် အခြားအမှုန်တစ်ခုခုက တိုက်မိခြင်းသဖွယ်၊ စုပ်ယူခြင်းကဲ့သို့ စသည့် အဖြစ်အပျက်များတွင်မှ အမှုန်သဘောပြသည်ဟု ယူဆတွက်ချက်ကာ ဖှိုတွန်ကို စဉ်းစားကြရခြင်း ဖြစ်သည်။