မာတိကာသို့ ခုန်သွားရန်

ဧကရာဇ်မင်

ဝီကီပီးဒီးယား မှ

ဧကရာဇ် မင် (တရုတ်: (北)周明帝; အင်္ဂလိပ်: Emperor Ming of Northern Zhou) သည် အနောက်ဝေ တိုင်းပြည် ၏ အမတ်ကြီးဖြစ်ပြီး အနောက်ဝေ မင်းဆက်အား ဖယ်ရှား၍ ကျိုးမင်းဆက်အား တည်ထောင်ခဲ့သော အမတ်ချုပ် ယွီဝမ်ထိုက် ၏ သားတော်ဖြစ် သည်။ ၎င်း၏ ဖခင် သည် ကျိုးမင်းဆက် အား တည်ထောင် သော ၅၅၇ အေဒီ တွင် ကွယ်လွန်ခဲ့သည်။ သို့သော်လည်း ဧကရာဇ်မင် (ယွီဝမ်ယု) သည် မောင်းမတော်မှ မွေးသော ကြောင့် မှူးမတ် များက ယွီဝမ်ထိုက် ၏ တရားဝင်ဇနီး မှ မွေးသော ယွီဝမ်ကြွယ် အား ဧကရာဇ် ရှောင်မင်း အဖြစ် ထီးနန်းဆက်ခံစေသည်။ ယွီဝမ်ထိုက် သေဆုံးချိန်၌ မင်းသားများမှာ ငယ်ရွယ်သေး သောကြောင့် တူတော်ဖြစ် သော ယွီဝမ်ဟု မှ အလုံးစုံသော အာဏာ ကိုချုပ်ကိုင် ထားသည်။

ထီးနန်းတက်ခြင်း[ပြင်ဆင်ရန်]

ဧကရာဇ် ရှောင်မင်း သည် ထိုစွက်ဖက်မှုကို မနှစ်သက်သော ကြောင့် ယွီဝမ်ဟု အားလုပ်ကြံရန် ကြိုးပမ်း ခဲ့သည်။ သို့သေ်ာလည်း ယွီဝမ်ဟုက သိရှိသွားပြီး ဧကရာဇ် အားနန်းချကာ နင်ဒူး နယ်စား ယွီဝမ်ယု နှင့် နယ်စားကတော် တုကူး တို့အား မြို့တော်သို့ပြန်လာစေ၍ ထီးနန်းသိမ်းပိုက်စေခဲ့သည်။ သို့သော်လည်း ဧကရာဇ်အဖြစ် မဆက်ခံစေသေးဘဲ ဘုရင် အဖြစ် ခေတ္တစံစေသည်။ ယွီဝမ်ယု သည် ဘုရင်ဖြစ်ပြီးနောက် ​ဇနီးသည် အား မိဖုရား တုကူး အဖြစ် စံမြန်း စေသည်။ နောက်ပိုင်း၌ ယွီဝမ်ဟု သည် ၎င်းအား ဧကရာဇ်ရှောင်မင်းမှ လုပ်ကြံသော အစီအစဉ်တွင် မိဖုရားတုကူး ၏ ဖခင် တုကူးရှင့် သည်လည်း အပါအဝင်ဖြစ် သည်ကို သိရှိပြီး နောက် တုကူးရှင့် အား မိမိကိုယ်ကို သတ်သေ ရန် တွန်းအားပေးခဲ့သည်။ ထို့ကြောင့် တုကူးအမတ်ကြီးသည် အေဒီ ၅၅၇ ၌ ကွယ်လွန်ခဲ့သည်။ တုကူးမိဖုရား သည်လည်း မိဖုရားဖြစ်ပြီး သုံးလအကြာ အေဒီ ၅၅၈ ၌ အပြင်းဖျား၍ ကွယ်လွန်ခဲ့သည်။ သမိုင်းပညာရှင် ဘိုရန် က ယွီဝမ်ဟုမှ အဆိပ်ခတ် လုပ်ကြံသည်ဟု အဆိုပြုထားသော်လည်း သက်သေ အထောက်အထား ခိုင်မာစွာ မရှိသေးပေ။ အေဒီ ၅၅၉ ၌ ဘုရင် ယွီဝမ်ယု သည် ဧကရာဇ်မင် အဖြစ် ဘွဲတော်ခံယူခဲ့သည်။

Regnal titles
ယခင်က
ဧကရာဇ်ရှောင်မင်း
မြောက်ပိုင်းကျိုးနိုင်ငံ ၏ ဧကရာဇ်
၅၅၇–၅၆၀
ဆက်ခံသူ
ဧကရာဇ်ဝူ

နတ်ရွာစံခြင်း[ပြင်ဆင်ရန်]

အေဒီ ၅၆၀ တွင် ယွီဝမ်ဟု သည် တိုင်းရေးပြည်ရာ များတွင် ကျွမ်းကျင်ပိုင်နိုင် လာသော ဧကရာဇ်မင် အား အဆိပ်ခတ်လုပ်ကြံခဲ့သည်။ ထို့နောက် မိဖုရား တုကူးနှင့်အတူ မြုပ်နှံခဲ့သည်။

မီဒီယာသရုပ်ဖော်မှု[ပြင်ဆင်ရန်]

  • တရုတ်ပြည်မသရုပ်ဆောင် Zou Tingwei မှ The Legend of Dugu (2018) ရုက်သံဇာတ်လမ်းတွဲတွင် ဧကရာဇ်မင် အဖြစ် သရုပ်ဖော်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]